အချစ်တဲလေး
စိုး ပိုင် ထွန်းကျော်က အမူးသမားတစ်ယောက် ဒါပေမဲ့ မိဘအမွေအိမ်တစ်လုံး နဲ့လယ်ဆယ်ဧက ရှိတယ်။ လယ်ကို မိဘလက်ထက်ထဲက လုပ်လာတဲ့ စာရင်းငှားနဲ့ လွှဲထားပြီး ကျနော်ကတော့ ကိုယ့်အိမ်ခြံ ထဲမှာ အသီးအနှံ စိုက်စားပြီး အေးအေး ဆေးဆေးနေတယ်။ ကျော်တို့ရွာက မြို့နဲ့အလှမ်းမဝေးပေမဲ့ ဆက်သွယ်ရေးလမ်း မရှိလို့ ခေါင်တယ်။ အိမ်ခြေနည်းလို့ ခြံကျယ် ကြီးတွေနဲ့ နေကြတယ်။ ကိုယ်ခြံဝန်းထဲအပင်တွေ မျိုးစုံအောင် စိုက်ကြလို့ ဥယျာဉ်ခြံ ကြီးတွေ ဖြစ်လို့ တစ်အိမ်နဲ့တစ်အိမ်တောင် မမြင်ရဘူး။ ဒါပေမဲ့ရွာ လယ်လမ်းမကြီးကို ဗဟိုထားလို့ အိမ်တန်းတန်းထားလို့ ရွာက သပ်သပ်ရပ်ရပ်ရှိပြီး သာယာတယ်။ ရွာထိပ်ကနေ ရွာအဆုံးထိခြံကျယ်ကြီးတွေနဲ့နေကြလို့ ရွာတန်းရှည်တယ်လို့ထင်ရပေမဲ့ အိမ်ခြေက ငါးဆယ်သာသာ ပဲရှိပါတယ်။ ဒါတောင် ရွာအနောက်ဖက် တောထဲမှာ ဝါးခြံစောင့် ကော်ခြံစောင့် နေကြတဲ့ သူတွေပါပေါင်း မှအဲ့လောက်ရှိတာပါ။ ကျော့်အိမ်က ရွာအဆုံး မှာရှိတယ်။ တောထဲ မှာနေတဲ့ ဖိုးငအေးက တောအရက် ကောင်းကောင်း ချက် တတ်တယ် ဒါပေမဲ့ သူကဆင်းရဲတော့ ချက်မရောင်းနိုင်ဘူး။ ရွာမှာကလည်း အရက်သောက်တာ ဆိုလို့ ကျနော်ရယ် ငအေးရယ် ဖက်ကြီးရယ် ကာလသား ခေါင်း အောင်ကြီးရယ်လောက်ပဲ သောက်တာဆိုတော့ စီးပွားမဖြစ...